ဇန်နဝါရီ ၂၅
စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀၀၂ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ကူးစက်ဖြစ်ပွားသူပေါင်း ၃၁၆၇၇၄ ဦး အထိ ရှိလာသည်။
ထပ်မံရောဂါကူးစက်ခံရသူများအနက် ၁၃၆၅ ဦးကို ပီစီအာစမ်းသပ်စစ်ဆေးမှုမှတစ်ဆင့်တွေ့ရှိခဲ့ပြီး ၁၆၃၇ ဦးသည် အေအာတီစမ်းသပ်စစ်ဆေးမှုမှတွေ့ရှိခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှသတင်းထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ပီစီအာစမ်းသပ်စစ်ဆေးမှုတွင် ၉၉၄ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၃၇၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။
အေအာတီစမ်းသပ်စစ်ဆေးမှုတွင် ပြည်တွင်းကူးစက်ခံရသူဦးရေ ၁၆၃၀ ရှိပြီး ခုနစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်သည်။ ၎င်းတို့တွင် အပျော့စားလက္ခဏာများသာရှိပြီး ထိခိုက်မှုအန္တရာယ်နည်းပါးသည်။
ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော လူနာ ၄၇၈ ဦးရှိပြီး ၁၁ ဦးသည် အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှုခံယူနေသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို