mdn

သာယာဝတီ   ဇန်နဝါရီ   ၂၅

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ဦးဆောင်သောအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ သာယာဝတီခရိုင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဋ္ဌ ဦးအေးလူ၊ သာယာဝတီခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးဉာဏ၊ သာယာဝတီခရိုင် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးကြည်မျိုးလွင်နှင့် သာယာဝတီခရိုင် ရှစ်မြို့နယ်မှ ကြက်ခြေနီအသင်း ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားကာ သာယာဝတီခရိုင် ကြက်ခြေနီကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှဦးက လှုပ်ရှားဆောင်ရွက်ခဲ့မူများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကြက်ခြေနီအသင်း ဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြပြီး အသင်းဥက္ကဋ္ဌက မြို့နယ်များအလိုက် ရင်ခွဲထမ်းစင် ရှစ်ခု၊ ဦးထုပ် အလုံး ၈၀၊ ရွက်ဖျင်တဲ ရှစ်ခု၊ အရေးပေါ်မီးလုံး ရှစ်လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန့်ဇော်