လန်ဒန် ဇန်နဝါရီ ၂၆

 

ဗြိတိန်အစိုးရသည် ဖေဖော်ဝါရီ ၁၁ ရက်မှစတင်ကာ အင်္ဂလန်သို့ ဆိုက်ရောက်လာသူများမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးပြီးပါက ဆေးစစ်မှုပြုလုပ်ရမည်ဟူသော ကန့်သတ်ချက်ကို ဖယ်ရှားတော့မည်ဟု ပြောသည်။

 

အဆိုပါကြေညာချက်ကို သယ်ယူပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှိတ်ပ်က ဇန်နဝါရီ ၂၄ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်မှုများ မှာ ကျဆင်းလာပြီဖြစ်သည့်အတွက် ယခုလိုလှုပ်ရှား မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

ယခုလအစောပိုင်းတွင် နေ့စဉ်ကူးစက်မှုမှာ ၂၀၀၀၀၀ ထက် ကျော်လွန်ခဲ့သော်လည်း ယခုအခါ နေ့စဉ်ကူးစက်မှုမှာ ၁၀၀၀၀ဝ အောက်သို့ ကျဆင်း လာပြီဖြစ်သည်။

 

ထို့ပြင် ပြင်းပြင်းထန်ထန် ဖျားနာသူဦးရေမှာလည်း ကျဆင်းလာသည်။ အပိုဆောင်းကာကွယ် ဆေးထိုးပေးခြင်းများ ကိုလည်း ဖြည်းဖြည်းနှင့်မှန်မှန် လုပ်ဆောင်လျက်ရှိသည်။ အသက် ၁၂ နှစ်နှင့်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးပြီးသူ ဦးရေမှာ ၆၄ ရာခိုင်နှုန်းရှိပြီဟု သိရသည်။ ။

 

အိုမီခရွန်ကူးစက်မှုမှာ ဗြိတိန်တွင်လွှမ်းမိုးနိုင်သည့် ဗိုင်းရပ်စ်ဖြစ်လာခဲ့သည်။ လေကြောင်းလိုင်းနှင့် ခရီးသွားလုပ်ငန်းများ မှာ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် ဆိုးဆိုးရွားရွားထိခိုက်စေခဲ့သည်။ ယင်းလုပ်ငန်းများသည် ယခုကြေညာချက်ကို ကြိုဆိုခဲ့ကြသည်။

 

ဗြိတိန်နိုင်ငံသည် နိုင်ငံအတွင်း တင်းကျပ်သည့် အသွားအလာပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်ကာ ဗိုင်းရပ်စ်ကို ရှင်းလင်းနိုင်ရေးထက် ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ရေးကိုသာ ပုံဖော်လျက်ရှိသည်။

 

ဇန်နဝါရီ ၂၇ ရက်မှစတင်ကာအင်္ဂလန်၌ အများပြည်သူများနှင့်သက်ဆိုင်သည့် အဆောက်အအုံ ပြင်ပနေရာများ၌ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန် မလိုအပ်တော့ကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ