ဂျကာတာ ဇန်နဝါရီ ၂၆

 

အင်ဒိုနီးရှားနိုင်ငံ၌ အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသည့်အချိန်တွင် ဇန်နဝါရီ ၂၅ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၈၇၈ ဦးရှိကြောင်း အတည်ပြုဖော်ပြမှုနှင့်အတူ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစကာ တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အများဆုံးနေ့တစ်နေ့ ဖြစ်ခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းမှာလည်း ၄၂၉၄၁၈၃ ဦးအထိရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ လိုက်သည်။

 

ထို့အတူ ကိုဗစ်-၁၉ ကြောင့် လူ ၂၀ ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ၁၄၄၂၄၇ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၈၆၉ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၄၁၂၅၀၈၀ အထိ ရှိလာသည်။ ။

 

ဇန်နဝါရီ ၂၅ ရက်ထုတ်ပြန်ချက်တွင် ကျန်းမာရေးဝန်ကြီး ဘူဒီဂူနာဒီဆာဒီကင်က နိုင်ငံအတွင်း အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မြင့်တက်နေချိန်တွင် ပြည်သူလူထုကို သတိထားနေထိုင်ကြရန်တိုက်တွန်းထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို လျှော့ချရန် အစိုးရသည် အမျိုးသားကာကွယ်ဆေး ထိုးအစီအစဉ်ကို အရှိန်မြှင့်တင်ခဲ့ရာ ယခုအချိန်အထိ လူပေါင်း ၁၈၂ ဒသမ ၀၂ သန်း ကိုဗစ်-၁၉ ပထမအကြိမ် ထိုးနှံမှုခံယူပြီးပြီဖြစ်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်းမှာလည်း ၁၂၅ ဒသမ ၁၀ သန်းကျော်ရှိလာပြီဖြစ်သည်။

 

တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆီနိုဗက်ကို အရေးပေါ်အသုံးပြုရန် သက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြုလိုက်ချိန်မှစကာ အင်ဒိုနီးရှားနိုင်ငံတွင် အစုလိုက်အပြုံလိုက် ကာကွယ် ဆေးထိုးနှံမှု ကို ဇန်နဝါရီ ၁၃ ရက်တွင် စတင်ခဲ့သည်။ အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေးအပြည့် အဝထိုးပေးနိုင်ရန် ရည်မှန်း ချက်ထားဆောင်ရွက်လျက်ရှိရာ တတိယအကြိမ် ကိုဗစ်-၁၉ အပိုဆောင်း ထိုးနှံမှုအပါအဝင် ယခုအချိန် အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၃၀၅ ဒသမ ၅၀ သန်း ရှိလာပြီဖြစ်သည်။ ။

 

ဆင်ဟွာ