နေပြည်တော် ဇန်နဝါရီ ၂၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၂ ဒသမ ၇၄၃၀) တန်၊ သစ်မာ (၆၄ ဒသမ ၁၂၇၄) တန်၊ အခြား (၁၀၁ ဒသမ ၆၉၃၆) တန်၊ စုစုပေါင်း (၂၀၈ ဒသမ ၅၆၄၀) တန်၊ တရားခံအယောက် (၂၀)၊ ယာဉ်/ယန္တရား (၁၃) စီး ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

 

mdn

 

ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ဇန်နဝါရီ ၂၀ ရက်တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဗေဒါ(၁)ဘိနယ်၊ တောင်ညိုကြိုးပြင် ကာကွယ်တော အကွက်အမှတ် (၁၀၃၊ ၁၁၄၊ ၁၄၈) တို့မှ  တရားမဝင် တောင်သရက်ခွဲသား (၅၉) ချောင်း (၁၁ ဒသမ ၈၀၄၂) တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သတင်းစဉ်