ရန်ကုန် ဇန်နဝါရီ ၂၆

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏သြဝါဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းကို ဆောင်ရွက်ရာ ယနေ့မွန်းတည့် (၁၂) နာရီတွင်  ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာနာယက ကျောင်းတော်ကြီး၏ ဘုရားခန်းမ၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ (ပထမအဖွဲ့ခွဲ) ဆရာတော်ကြီး (၉) ပါးအား လည်းကောင်း၊ မွန်းလွဲ (၁) နာရီတွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) သမဝါယမတန်ဆောင်း၌ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယဆရာတော်ကြီးများနှင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) သင်ကြား/စီမံ၊ စာသင်သား သံဃာတော် (၂၄၉) ပါး တို့အားလည်းကောင်း ကာကွယ်ဆေးထိုးနှံခဲ့သည်။

 

ဇန်နဝါရီ ၂၇ ရက်တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ တက္ကသိုလ် သင်ကြား/စီမံ၊ စာသင်သား သံဃာတော် (၁၂၈) ပါးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် ရွှေတိဂုံစေတီတော် ရှေးဟောင်းတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ပစ္ဆာသမဏများ၊ စုစုပေါင်း (၂၂) ပါးတို့ကိုလည်းကောင်း ကာကွယ်ဆေးထိုးနှံပေး သွားမည်ဖြစ်သည်။

 

mdn

 

ထို့အတူ မတ် ၄ ရက်မှ ၉ ရက်ထိ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (၄၇) ပါးစုံညီ ဒသမ အစည်းအဝေးနှင့် မတ် ၁၁ ရက်မှ ၁၃  ရက်ထိ အဋ္ဌမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ တတိယနှင့် စတုတ္ထ အစည်းအဝေးများကို ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေးများသို့ ကြွရောက်မည့် နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ကြီးများ၊ စုစုပေါင်း (၅၁၄) ပါးအားလည်းကောင်း၊ မတ် ၁၄ ရက်မှ ၃၁ ရက်ထိ နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ ပရိယတ္တိစာသင်တိုက်ကြီးများရှိ သံဃာတော်များနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) သင်ကြား/ စီမံ၊ စာသင် သားရဟန်း/ သာမဏေများ စုစုပေါင်း (၄၀၇၈) ပါးတို့ကို Sinopham ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်