မောင်တော ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်ချောင်း ချောင်းအတွင်းရှိ လမုတောကျွန်းမျောအတွင်း ဇန်နဝါရီ ၂၇ ရက်က လောင်းလှေတစ်စီးနှင့်အတူ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် ကညင်ချောင်း စီးပွားရေးဇုန်၌ လှည့်ကင်းဆောင်ရွက် နေစဉ် ကညင်ချောင်း၊ ချောင်းအတွင်းရှိ လမုတောကျွန်းမျောအတွင်း တောတိုးသံကြားရသဖြင့် မသင်္ကာ၍ သွားရောက်စစ်ဆေးရာ လောင်းလှေတစ်စီးနှင့်အတူ လူ နှစ်ဦးအားတွေ့ရှိ၍ စစ်ဆေးရန်ခေါ်ယူစဉ် ၎င်းတို့မှာ လှေပေါ်မှ ကျွန်းမျောအတွင်းသို့ ခုန်ချထွက်ပြေးသွားပြီး အဆိုပါလောင်းလှေအား သက်သေများနှင့်အတူ စစ်ဆေးရာ အဝါရောင် ပီနံအိတ်အတွင်းမှ WY နှင့် R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသည့် လိမ္မော်ရောင်ဆေးပြား ၉၇၅၀ စီပါ မိုင်းကိုင်စက္ကူဖြင့် ထုပ်ပတ်ထားသည့် အထုပ်ကြီး ရှစ်ထုပ် စုစုပေါင်း ဆေးပြား ၇၈၀၀၀ စုစုပေါင်းအလေးချိန် ၇ ဒသမ ၈ ဂရမ်ခန့်အား တွေ့ရှိ၍ တရားခံများအား လိုက်လံပိတ်ဆို့ ရှာဖွေရာ မတွေ့ရှိဘဲ အလျား ၁၈ ပေ၊ အနံ ၃ ပေခွဲ၊ အမြင့် ၂ ပေ သစ်သားလောင်းလှေတစ်စီးအား သိမ်းဆည်းရခဲ့ပြီး လောင်းလှေပိုင်ရှင်မှာ ကပ္ပကောင်းကျေးရွာနေ အဒူရှူးကူး၏ လောင်းလှေဖြစ်ကြောင်း စုံစမ်းသိရှိရသည့်အတွက် ၎င်း၏နေအိမ်အား စစ်ဆေးရှာဖွေရာ ၎င်းမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသည်။
အဆိုပါ မူးယစ်ဆေးဝါးများအား ဖြန့်ဖြူးရောင်းချရန် သယ်ယူခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူ အဒူရှူးကူး အသက်(၃၁)နှစ် (ဘ)ကျော်ရှိတ်အာမတ် ကပ္ပကောင်းကျေးရွာ၊ မောင်တောမြို့နေသူပါ နှစ်ဦးတို့အား နယ်မြေစခန်း (ပြင်ဖြူ) တွင် မယ(ပ) ၁/၂ ၀၂၂၊ မူး/စိတ်ပုဒ်မ-၁၉ (က) /၂၁ အရ အမှုဖွင့်လှစ်ကာ တရားခံအား အမြန်ဆုံး ဖမ်းဆီးရနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)