ညောင်ဦး   ဇန်နဝါရီ    ၂၈

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် တရားမဝင် လောင်းကစားမှု ပပျောက်ရေး လမ်းညွှန်ချက်များနှင့် အညီ ညောင်ဦးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ဝင်းထွ၌ဝင်းနှင့် အဖွဲ့သည် ညောင် ဦးမြို့နယ်အတွင်း ကြက်တိုက်လောင်းကစား ပြုလုပ်နေသည့် တရားမဝင် လောင်းကစားဝိုင်းကို ဇန်နဝါရီ ၂၈ ရက်က ဖမ်းဆီးရမိခဲ့သည်။

 

ညောင်ဦးမြို့နယ် ယမ်းစမ်းကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် ကြက်တိုက် လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်ဖမ်းဆီးရာ တိုက်ကြက် လေးကောင်၊ မော်တော်ဆိုင်ကယ် ၁၇ စီး၊ ငွေကျပ် ၅၀၅၀၀ အပါအဝင် ကြက်တိုက်လောင်းကစား ပစ္စည်းများနှင့်အတူ ကြက်တိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးရမိပြီး အရေးယူထားကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)