ဝါးခယ်မ ဇန်နဝါရီ ၂၉
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၂၈ ရက်က အောက်ဝဲသာကျေးရွာအုပ်စုရှိ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ အောက်ဝဲကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၅ရ)ဦး၊ အသက် (၁၈)နှစ်ပြည့် (၂၈) ဦး၊ လဲလှယ်(၇)ဦး၊ စုစုပေါင်း (၉၂)ဦးနှင့် ပြောင်းရွေ့ အိမ်ထောင်စု(၁၀၅)စုအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ပြန်/ဆက်)


