မြဝတီ ဇန်နဝါရီ ၂၉ 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ 

အဆိုပါ စုပေါင်းသန့်ရှင်းရေးအား မြဝတီမြို့၊ ရှေ့တန်းတပ်ရင်း အမှတ်(၂၇၅) ခြေလျင်တပ်ရင်းမှ အရာရှိ စစ်သည်များ၊ တပ်နယ်(၂) အမှတ်(၁၀၁၅) နယ်ခြားစောင့်တပ်မှ ဗိုလ်ကြီး စောကလိုထူး ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး ဦးဆောင်သော စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကုန်တင်ကုန်ချဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အသင်းအဖွဲ့များက မြဝတီခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း အမှိုက်များ ရှင်းလင်းခြင်းနှင့် မီးရှို့ခြင်း၊  ချုံနွယ်များ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ ဆယ်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြဝတီမြို့ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး  ဗိုလ်မှူး စိုင်းဇော်မိုးထွန်း၊  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မြင့်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းဇော်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်