လွိုင်လင် ဇန်နဝါရီ ၃၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီခွဲက လွိုင်လင်မြို့ မြကန်သာ သဘာဝရေကန်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ရုံးညွှန်ကြားရေးမှူး ဦးသော်ထွန်းဦး၊ လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများတက်ရောက်၍ ငါးမြစ်ချင်းအကောင်ရေ ၂၅၀၀၀ နှင့် ငါးခုံးမ အကောင်ရေ ၂၅၀၀၀ စုစုပေါင်း ငါးအကောင်ရေ ၅၀၀၀၀ ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး


