mdn

သင်္ဃန်းကျွန်း ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပညာရေးဒီဂရီကောလိပ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒီဂရီကောလိပ်အဆင့် ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီတွင် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ ဂန္ဓမာစာသင်ဆောင်၌ ဆက်လက်ကျင်းပပြုလုပ်သည်။

ဦးစွာ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်က အမှာစကားပြောကြားပြီး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်လာစေရေးနှင့် မြန်မာစကားပြောစွမ်းရည် တိုးတက်လာစေရေး၊ ပြိုင်ပွဲဝင်အတွေ့အကြုံ ရရှိလာစေရေး၊ အထိမ်းအမှတ်နေ့များအား သတိတရရှိစေရေးနှင့် မိမိတို့တတ်သိထားသော အသိပညာဗဟုသုတများအား လက်ဆင့်ကမ်းမျှဝေနိုင်စေရန် ရည်ရွယ်၍ အတွေ့အကြုံရှိသော ပြိုင်ပွဲကြီးကြပ်ရေး ကော်မတီများဖွဲ့စည်း၍ မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT-၇/၂၀၂၀) သင်တန်းမှ သင်တန်းသားနှင့် သင်တန်းသူများ ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၂၉ ရက်က စာစီစာကုံးပြိုင်ပွဲတွင် (၈)ဦး၊ ကဗျာပြိုင်ပွဲတွင် (၇)ဦးနှင့် ဆောင်းပါးပြိုင်ပွဲတွင် (၄)ဦး စုစုပေါင်း (၁၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယနေ့တွင် ကျပန်းစကားပြောပြိုင်ပွဲတွင် (၈)ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၁၁)ဦး စုစုပေါင်း(၁၉)ဦး ယှဉ်ပြိုင်ခဲ့ကာ ဆုရရှိသော ပြိုင်ပွဲဝင်များအား ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)