ပြည် ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဥပဒေချုပ်၊ တာဝန် ရှိသူများနှင့်အတူ ဇန်နဝါရီ (၂၉) ရက် မွန်းလွဲပိုင်းက ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ အမှတ် (၃) အကြီးစားစက်မှုဝန်ကြီးဌာန၊ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) ရှင်းလင်းဆောင်သို့ ရောက်ရှိရာ စက်ရုံမှူး က စက်ရုံအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်တွင်းထွက်ကုန်ကြမ်းပစ္စည်း လွယ်ကူလျှင်မြန်စွာ ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်ရုံလုပ်ငန်း လည်ပတ်ဆောင်ရွက်မှု အဆင့်ဆင့်မှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ကြည့်ရှုစစ်ဆေးပြီး စျေးကွက်ဝင်တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်နိုင်ရေး မှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (Mini Bud get) တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသည့် ရွှေတောင်မြို့၊ မီးသတ်ရေကန် မြေထိန်းနံရံ ပြိုကျမှုကာကွယ်ရန် BoredPile ရိုက်ခြင်းနှင့် SelectedSoil ဖြင့် အစားထိုး လဲလှယ်ပြုပြင်ခြင်း လုပ်ငန်းကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေမျက်မှန်ဘုရားသို့ ဖူးမြော်ကန်တော့ပြီး ဘက်စုံပြုပြင်မွန်းမံနိုင်ရေး အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
သတင်းစဉ်


