အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှ ဘာကီနာဖာဆိုအသင်းနှင့် တူနီးရှားအသင်း တို့ပွဲစဉ်ကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာကီနာဖာဆိုအသင်းက တစ်ဂိုး -ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီဖြစ်သည်။
၁၆ သင်းအဆင့်တွင် နာမည် ကြီးဂါဘွန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်၌ အနိုင်ရရှိကာ ကွာတား ဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခဲ့သော ဘာကီနာဖာဆိုအသင်းသည် ယခုပွဲစဉ်တွင် ပြိုင်ဘက် တူနီးရှား အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရပြီး ပထမပိုင်း ပွဲချိန်ပြည့်ခါနီးတွင် ရရှိခဲ့သော ကွာတာရာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်သည့်အတွက် နှစ်သင်းစလုံး ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာပြီး ပွဲမှာ အပြန်အလှန် ထိုးဖောက်မှုများဖြင့် အကြိတ်အနယ်ရှိကာ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ဘာကီနာဖာဆို အသင်းသည် ယခုပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့သော်လည်း ပြိုင်ဘက်အသင်းထက် သာလွန် သည့် ကစားဟန်ကို ပြသနိုင်ခဲ့ပြီး လိုအပ်သည့်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ ဘာကီနာဖာဆိုအသင်း သည် ဆီမီးဖိုင်နယ်တွင် ဆီနီဂေါနှင့် ဂီနီအသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။
ဘာကီနာဖာဆိုမှ ကွာတာရာ ပွဲချိန် ၈၃ မိနစ်တွင် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည့်အတွက် ဘာကီ နာဖာဆိုအသင်း နစ်နာခဲ့ရသည်။ ထို့ကြောင့် ဘာကီနာဖာဆိုအသင်းသည် ဆီမီးဖိုင်နယ်ပွဲတွင် ကွာတာရာ မပါဘဲ ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။
အခြားသော ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဂမ်ဘီယာနှင့် အိမ်ရှင်ကင်မရွန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကာ အိမ်ရှင်ကင်မရွန်းအသင်းက နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ကင်မရွန်းအသင်း အတွက်ရရှိခဲ့သော သွင်းဂိုးနှစ်ဂိုးကို အီကမ်ဘီက ပွဲချိန် မိနစ် ၅၀နှင့် ၅၇ မိနစ်တို့တွင် တစ်ဦးတည်း သွင်းယူပေးနိုင်ခဲ့သည်။ ထို့ကြောင့် အိမ်ရှင်ကင်မရွန်း အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အောင်ဇော်