တံတားဦး ဖေဖော်ဝါရီ ၁
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် တွင် ဝန်ထမ်းပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးအတွင်း ကျင်းပခဲ့သည်။
အဆိုပါ ဝန်ထမ်းပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက လိုက်လံကြည့်ရှုအားပေးပြီး ဆုရရှိသော အသင်းများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရဲတင့်


