နေပြည်တော်   ‌ဖေဖော်ဝါရီ   ၁

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သပြေကုန်းဈေး၊ သပြေကုန်း ပွဲရုံတန်း၊ ပ/၁၈၅၊ တာဝန်ခံမန်နေဂျာ ဦးကိုကိုထွန်း၏ KSDU အအေးနှင့် မုန့်မျိုးစုံ ဖြန့်ချိရေး ကုမ္ပဏီပိုင် စတိုခန်းတွင် ဇန်နဝါရီ ၃၁ ရက် ည ၁၀ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ နေပြည်တော် မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးလှိုင်ဝင်းအောင် ဦးစီး သန္ဓေတပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်နယ်မြေ၊ ဗလသိဒ္ဓိနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပညာသိဒ္ဓိနယ်မြေ၊ လွှတ်တော်နယ်မြေတို့မှ မီးသတ်ဦးစီးမှူးများနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်များဖြင့် စုပေါင်း ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုမှာ KSDU အအေးနှင့်မုန့်မျိုးစုံဖြန့်ချိရေး ကုမ္ပဏီပိုင် စတိုခန်းတွင် Air-con Safe Guard အပူလွန်ကဲရာမှ လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် အလျား ၁၄ ပေ၊ အနံ ပေ ၄၀ နှစ်ထပ် RC အဆောက်အအုံ အတွင်းရှိ အဲကွန်းနှင့် ဖြန့်ချိရန်သိုလှောင်ထားသည့် အအေးနှင့် မုန့်မျိုးစုံ အချို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ် ၅၇၅၀၀၀ ခန့် ရှိကြောင်း၊ လူနှင့် တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း၊ မီးလောင်မှု ဖြစ်ပွားခဲ့သည် တာဝန်ခံမန်နေဂျာ ဦးကိုကိုထွန်းအား ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မ ရဲစခန်းမှ (ပ)၁၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)