ကျောက်ဖြူ ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် ဖေဖော်ဝါရီ ၁ ရက်၌ မြို့ပေါ်ရပ်ကွက်များနှင့် ဈေးများ တွင် ပြည်သူများ အေးချမ်းစွာ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်လျက်ရှိပြီး ခရီးသွားပြည်သူများမှာလည်း ပုံမှန် အတိုင်း သွားလာလျက်ရှိသည်။ ထို့အပြင် ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်၊ အစိုးရစက်မှု၊လက်မှုသိပ္ပံ ကျောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှာလည်း ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)


