ဝါးခယ်မ ဖေဖော်ဝါရီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေသခံ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ယခင်နေ့များနည်းတူ ပုံမှန်သွားလာ လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH/NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အသံတိတ်သပိတ် (Silent Strike) ပြုလုပ်ရန် ရေးသားခဲ့သော်လည်း စာသင်ကျောင်းများ၊ ရုံးဌာနများ၊ ဈေးဆိုင်များ၊ ခရီးသွားပြည်သူများကလည်း ပုံမှန်သွားလာလျက်ရှိကြောင်း သိရှိရသည်။
ဝါးခယ်မ(ပြန်/ဆက်)


