ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁
မန္တလေး အဆင်မြင့်ဈေးချိုတော်တွင် ဖေဖော်ဝါရီ ၁ ရက်၌ ဈေးဆိုင်များ ဖွင့်လှစ်ကာ ပုံမှန်အတိုင်း ရောင်းဝယ်သွားလာလျက်ရှိသည်။
အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရေန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် လှုံ့ဆော်ကြေညာခဲ့သော်လည်း ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှုများအား လိုက်နာလုပ်ဆောင်ခြင်းမရှိဘဲ ယခုကဲ့သို့ ပုံမှန်အတိုင်း သွားလာကာ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချလျက် ရှိသည်။
ထို့အတူ မန္တလေးမြို့၏ ဈေးကြီးများဖြစ်သည့် ရတနာပုံဈေး၊ မန်းမြန်မာပလာဇာ၊ ဒိုင်မွန်းပလာဇာ အစရှိသည့် ဈေးကြီးများတွင်လည်း ဈေးများဖွင့်လှစ်ကာ ပုံမှန်နေ့များအတိုင်း ဖွင့်လှစ်ရောင်းချလျက် ရှိကြောင်း သိရသည်။
ထိပ်ထားနိုင်(ပြန်/ဆက်)


