ရမည်းသင်း   ဖေဖော်ဝါရီ   ၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဌာနပေါင်းစုံ ထမနဲထိုးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝင်းတွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက စည်ကားစွာ ကျင်းပခဲ့သည်။

ထမနဲထိုးပြိုင်ပွဲတွင် ခရိုင်ထွေအုပ်၊ မြို့နယ်ထွေအုပ်၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်မီးသတ်တပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာတို့မှ ပြိုင်ပွဲဝင် ငါးသင်းတို့က တပျော်တပါး ပါဝင်ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပျော်ပွဲရွှင်ပွဲများကို ကျင်းပရာ အမျိုးသမီး ဆန်ကောရွက်ပြိုင်ပွဲ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၀၀၊ ၂၀၀ နှင့် အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ကျင်းပခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ပြိုင်ပွဲများအလိုက် ဆုရသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)