ရေနံချောင်း   ဖေဖော်ဝါရီ   ၁

မကွေတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများနှင့် မြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်၊ ကုန်ခြောက်ဆိုင်၊ အဝတ်အထည်ဆိုင်၊ သားငါးဆိုင်၊ ကုန်စိမ်းဆိုင်နှင့် ပျံကျဈေးတန်းများ၊ လမ်းဘေးဈေးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များသည် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပုံမှန်နေ့ရက်များအတိုင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

ဈေးရောင်းဈေးဝယ်ပြည်သူများ ပုံမှန်ဖွင့်လှစ်ရောင်းချနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)