နေပြည်တော် ဖေဖော်ဝါရီ ၁

ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေမြိုင်ကျောင်းတိုက်သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ဥဿာသီရိပရိယတ္တိစာသင်တိုက် သို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်သို့ လည်းကောင်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျားတဲကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်ရှိ ဓမ္မစရိယတက္ကသိုလ်သို့လည်းကောင်း၊   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ရှိ နဝင်းပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်