ညောင်ဦး ဖေဖော်ဝါရီ ၂
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သဗ္ဗညုဘုရားကြီး ရင်ပြင်တော် အတွင်းအပြင်နှင့် ဂရို့ဘုရား၊ သံတော်ကြားဘုရား၊ နတ်လျောင်းကျောင်းနှင့် ငကျွဲနားဋောင်းဘုရား ဝန်းကျင်တို့တွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက စတင်ပြီး ညောင်ဦးမြို့နယ် ဌာနဆိုင်ရာများမှ ဝန်ထမ်း ၁၅၀ ဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံမှ သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီ၊ ပုထိုး၊ ဘုရား၊ အုတ်ပြာဿဒ်များ၊ သာသနိကအဆောက်အအုံများကို ကွယ်နေသည့် သစ်ပင်၊ ချုံနွယ်၊ ပေါင်းမြက်များ၊ ဖော့ဖူးခွံများ၊ ပလတ်စတစ် အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြပြီး သဗ္ဗညုဘုရားကြီးအတွင်းရှိ ဆင်းတုတော်များအား ရောင်တော်ဖွင့်ခြင်း၊ ဖုန်မှုန့်သဲမှုန့်များအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဂရို့ဘုရား၊ သံတော်ကြားဘုရား၊ နတ်လျောင်းကျောင်း၊ ငကျွဲနားဋောင်းဘုရားတို့တွင် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး သန့်ရှင်းရေးပြုလုပ်ရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်အဖွဲ့ဝင် များက အားပေးကြည့်ရှု ခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


