လွိုင်ကော် ဖေဖော်ဝါရီ ၂
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နေ ပြည်သူများအား အခြေခံစားသောက်ကုန်ဖြစ်သော ဆန်နှင့် ဆီ ထောက်ပံ့လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက လွိုင်ကော်မြို့ သီရိမင်္ဂလာစျေး (တောင်စျေး)တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များက ဒေသခံပြည်သူ ၁၆၀၀ အား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သား ထောက်ပံ့လှူဒါန်းခဲ့သည်။
မွန်းလွဲပိုင်းတွင် မြို့လည်ဗဟိုစျေးရှေ့၌ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူ ၁၆၀၀ အား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားအားလည်းကောင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လှူဒါန်းသော ဆန်များကို ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တစ်ဦးလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဒေသခံပြည်သူ ၁၇၀ အား လည်းကောင်း ထောက်ပံ့လှူဒါန်းခဲ့သည်။
ထို့နောက် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူ ၁၆၀၀ အား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


