နေပြည်တော်   ဖေဖော်ဝါရီ   ၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၄ မှ ၃၀ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၅၃ ဒသမ ၄၂၄၄ တန်၊ သစ်မာ  ၅၄ ဒသမ ၄၄၅၆ တန်၊ အခြား ၁၇၁ ဒသမ ၁၀၀၄ တန် စုစုပေါင်း ၂၇၈ ဒသမ ၉၇၀၄ တန်၊ တရားခံ ၃၇ ဦး၊ ယာဉ်/ယန္တရား ၁၂ စီး ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

သတင်းစဉ်