နေပြည်တော်   ဖေဖော်ဝါရီ    ၂

နယ်စပ်ရေးရာဝန်ကြီဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ Chruch ကျောင်းများသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ကုသရေး အတွက် ကျန်းမားရေး အထောက်အကူပြုပစ္စည်းများ၊အင်အားဖြည့် အစားအစာများ၊ ဆေးဝါးများ၊ ရေသန့်များကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထို့သို့ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ စတိန်ကျေးရွာအုပ်စု၊ ကရင်စုကျေးရွာရှိနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများကို ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေလင်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်လှူဒါန်း ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်