နေပြည်တော်   ဖေဖော်ဝါရီ   ၂

 

ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁ ရကတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ ဗုဒ္ဓါနုဿတိပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ လွတ်လပ်ရေးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ စွမ်းအားပရိယတ္တိ စာသင်တိုက်တို့မှ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်