ဖေဖော်ဝါရီ ၃
ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များ၏တစ်စိတ်တစ်ပိုင်းဖြေလျှော့သည့်အနေဖြင့် နေအိမ်မှပင်အလုပ်များလုပ်ဆောင်ခြင်းနှင့် အိမ်ပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းစည်းမျဉ်းကို အစိုးရက ရုပ်သိမ်းပေးခဲ့သည်။
ဇန်နဝါရီလမှစတင်ကာ တစ်ရက်လျှင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၃၀၀၀၀၀ အထက် ဖြစ်ပွားလေ့ရှိသည်။
နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် သီတင်းပတ်တစ်ပတ်လျှင် အနည်းဆုံးသုံးရက် နေအိမ်မှပင်အလုပ်လုပ်ခြင်း၊ အိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းတို့လုပ်ဆောင်ရန် မလိုအပ်တော့ချေ။
ပဲရစ်မြို့ရှိဆော့ပ်ဝဲလ်ကုမ္ပဏီတစ်ခုရှိ ဝန်ထမ်းများသည် လူအချင်းချင်းခပ်ခွာခွာနေထိုင်ခြင်း စည်းမျဉ်းနှင့်အညီ ကုမ္ပဏီအတွင်းအလုပ်လုပ်ဆောင်လျက်ရှိသည်။
သို့ရာတွင် ထိုဝန်ထမ်းများအနက် ၈၅ ရာခိုင်နှုန်းသည် နေအိမ်မှပင် အလုပ်များဆက်လက်လုပ်ဆောင်လိုကြပြီး ယင်းသို့လုပ်ဆောင်ရန်ခွင့်ပြုမည်ဟု ထိုကုမ္ပဏီကဆိုသည်။
အသက် ၅၅ နှစ်အရွယ်အမျိုးသားတစ်ဦးကမူ အစိုးရ၏ ထိုဆုံးဖြတ်ချက်ကိုလက်ခံကြောင်းနှင့် အိမ်အပြင်သို့ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းကိုမနှစ်ခြိုက်ကြောင်း ပြောဆိုခဲ့သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို