နေပြည်တော် ဖေဖော်ဝါရီ ၃
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီး ဥပဒေချုပ်က အမျိုးသားများအား ပဲခူးမြို့အဝင် တိုးဂိတ်မှ လည်းကောင်း၊ အမျိုးသမီးများအား ပဲခူးတက္ကသိုလ်ရှေ့ မြို့ရှောင်လမ်း၊ လမ်းဆုံမှ လည်းကောင်း ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းရှေ့အထိ တာလွှတ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီး အတွင်းရေးမှူးတို့က အမျိုးသား/အမျိုးသမီး အဆင့်(၁၅)မှ အဆင့်(၂၀)အထိ ရရှိသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် (၄၀၀၀၀)စီ၊ အဆင့်(၆)မှ အဆင့်(၁၀)အထိ ရရှိသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် (၅၀၀၀၀)စီ၊ ပဉ္စမဆုရရှိသူ တစ်ဦးလျှင် (၇၀၀၀၀)စီနှင့် စတုတ္ထဆုရရှိသူ တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် (၁)သိန်းစီတို့ကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသက်(၅၀)နှစ်အထက် ပြိုင်ပွဲဝင် အားကစားသမား(၂)ဦးနှင့် အသက်(၁၂) အောက်အားကစားသမား(၃၄)ဦးတို့အား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် (၅၀၀၀၀)စီ၊ ပထမဆုရရှိသူ (၂)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆု ငွေကျပ်(၅)သိန်းစီ၊ ဒုတိယဆုရရှိသူ (၂)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် (၃)သိန်းစီ၊ တတိယဆုရရှိသူ (၂)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ် (၂)သိန်းစီ ပေးအပ်ချီးမြှင့်ပြီး ဆိုင်ကယ်(၂)စီးနှင့် စက်ဘီး(၂၅)စီးတို့ကို ကံစမ်းမဲဖောက်ပေးအပ်သည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲသို့ အမျိုးသား (၂၆၆)ဦး၊ အမျိုးသမီး (၁၁၈)ဦး၊ စုစုပေါင်း(၃၈၄) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


