နေပြည်တော် ဖေဖော်ဝါရီ ၄
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများအား ဆန်၊ ဆီနှင့် ကုလားပဲ ထောက်ပံ့လှူဒါန်း လျက်ရှိသည်။
ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်/ ခရိုင်အသီးသီးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးစင်တာများတွင် လိုအပ်လျက်ရှိသော ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့် အစားအစာများကိုလည်း ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့တွင် တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် တာချီလိတ်မြို့နယ်ရှိ ဝမ်လုံး ကိုဗစ်စင်တာသို့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများ ထောက်ပံ့လှူဒါန်း ခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)


