သံတွဲ ဖေဖော်ဝါရီ ၄
သံတွဲမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does ထိုးနှံခြင်းကို ဖေဖော်ဝါရီ ၄ ရက် နံနက် ၁၀ နာရီမှ စတင်၍ ဒွါရာဝတီမြို့နယ်ခန်းမ၌ ထိုးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Does ကို Covid Chield နှစ်ကြိမ်ထိုးနှံပြီးသူ အသက် ၅၀ နှစ်နှင့်အထက် ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ ဝန်ထမ်းများအားလုံးတို့ကို ဦးတည်အုပ်စုများအဖြစ် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်းနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရှိရသည်။
(ခရိုင်ပြန်/ဆက်)


