နတ်တလင်း ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စျေးရောင်း စျေးဝယ်များ၊ လမ်းသွား လမ်းလာ ပြည်သူများအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းက နတ်တလင်းမြို့နယ် စည်ပင်သာယာ မြို့မစျေး၌ ပြုလုပ်ခဲ့ကြသည်။
စစ်ဆေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နတ်တလင်းမြို့နယ် စည်ပင်သာယာ မြို့မဈေးရှေ့တွင် စျေးရောင်း စျေးဝယ်များ၊ လမ်းသွား လမ်းလာ ပြည်သူများအား (Mask)များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RD Test Kit ဖြင့် အခမဲ့ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


