ခင်ဦး ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် နွေသီးနှံ ဧက ၄၀၀၀၀ ကျော် စိုက်ပျိုးရန်လျာထားပြီး ဖေဖော်ဝါရီ ၇ ရက်တွင် သဖန်းဆိပ်ဆည်မှ စိုက်ပျိုးရေ စတင်လွှတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခင်ဦးမြို့နယ်တွင် နွေစပါး စိုက်ပျိုးရန် OMC တူးမြောင်းမှ ဧက ၂၀၀၀၀၊ SMC တူးမြောင်းမှ ဧက ၁၅၀၀၀၊ လျှပ်စစ်ရေတင်မှ ဧက ၁၂၆၀ နှင့် အခြားသီးနှံ ဧက ၁၀၀၀၀ စုစုပေါင်း နွေသီးနှံ ဧက ၄၆၂၆၀ စိုက်ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်လှကြိုင်ထံမှ သိရသည်။
စိုးဝေအောင်(ခင်ဦး)


