ရန်ကုန် ဖေဖော်ဝါရီ ၅
စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ဒုတိယ အဆင့်ပွဲစဉ် စိတ်ကြိုက်သီချင်းသီဆိုမှုကို ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက ရန်ကုန်မြို့၊ ပြည်သာယာရှိ မြဝတီစင်တာ၌ ကျင်ပခဲ့ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှလည်း တိုက်ရိုက်ရိုက်ကူး ထုတ်လွှင့်ပြသ ခဲ့သည်။
တူယှဉ်နွှဲပျော် ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှစ၍ အပတ်စဉ် သောကြာညတိုင်း ကျင်းပခဲ့ရာ ယခုအခါ ဒုတိယအဆင့်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၀ ဦးက ဖေဖော်ဝါရီ ၄ ရက်တွင် စိတ်ကြိုက်တေးသီချင်းများဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ပြဋ္ဌာန်းတေးသီချင်းများဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်တွင် တိုင်းရင်းသားပြိုင်ပွဲဝင်များဖြစ်ကြသည့် မကွေးတိုင်းဒေသကြီးမှ MF01 မြတ်နိုးစံ၊ ရန်ကုန်တိုင်းဒေသကြီးမှ MF02 ကြူကြူခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ MF03 ရေဂျီနား၊ မန္တလေးတိုင်းဒေသကြီးမှ MF04 ဇော်ထွေးလတ်၊ ကချင်ပြည်နယ်မှ MF05 အရိန့်၊ ဧရာဝတီတိုင်းဒေသကြီးမှ MF06 ဇင်သူသူထွန်း၊ ဧရာဝတီတိုင်းဒေသကြီးမှ MF07 ချိုမီမီဇော်၊ ကရင်ပြည်နယ်မှ MF08 ချမ်းဟိန်းဝင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးမှ MF09 စျန်ထူး၊ ပဲခူးတိုင်းဒေသကြီးမှ MF10 ချစ်နုတို့က ယှဉ်ပြိုင်သီဆိုကြပြီး The Ensenble တေးဂီတအဖွဲ့က တီးခတ်ပေးခဲ့သည်။
ပရိသတ်များအနေဖြင့် MPT နှင့် MyTel SIM Card များ အသုံးပြု၍ မိမိတို့ကြိုက်နှစ်သက်သည့် ပြိုင်ပွဲဝင်ကို Voting Time သတ်မှတ်ချိန်အတွင်း အရေအတွက် အကန့်အသတ်မရှိဘဲ SMS ပေးပို့နိုင်ပြီး MPT Sim Card များမှ ကုတ်နံပါတ် 7522 သို့ လည်းကောင်း၊ MyTel Sim Card များမှ ကုတ်နံပါတ် 7575 သို့ လည်းကောင်း ပြိုင်ပွဲဝင်၏ MF နံပါတ်ကို ရိုက်နှိပ်၍ ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


