ပဲခူး ဖေဖော်ဝါရီ ၅

                    

ကိုဗစ်-၁၉ ရောဂါ အသွင်ပြောင်း အိုမီခရွန်သည် ယခင်က ပြည်ပပြန်များ၌သာ တွေ့ရှိရပြီး ယခုအခါ ပြည်တွင်းကူးစက်မှုများ တွေ့ရှိနေရပြီဖြစ်ကြောင်း၊  တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ကြပ်မတ်ထိန်းချုပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ  ၄ ရက် နံနက်ပိုင်းက Online Zoom Meeting System  ဖြင့် ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) တွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

mdn

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က Community Based Facility Quarantine (CBFQ)  ဆောင်ရွက်မည့်နေရာများ အသင့်ဖြစ်စေရေး ဆောင်ရွက်ထားရန်လို အပ်သကဲ့သို့ စေတနာ့ဝန်ထမ်းများကိုလည်း ကြိုတင်စုစည်းထားရမည်ဖြစ်ကြောင်း၊ တိုင်းဒေ သကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွမ်းခြုံမှုရှိစေရေး  ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး က တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှု၊ တွေ့ရှိမှုနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကိုလည်းကောင်း တင်ပြကြရာ တိုင်းဒေသကြီး ကော်မတီဝင်များက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်