နေပြည်တော်၊ ဖေဖော်ဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ သန့်ရှင်းရေး စုပေါင်းလုပ်အား ပေးကြသည်။

စုပေါင်းလုပ်အားပေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင် ၃၇၅ ဦးတို့က ဆေးရုံကြီးအတွင်း သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများနှင့် ရေနုတ်မြောင်းများ ဖော်ထုတ် ရှင်းလင်းခြင်းတို့ကို စုပေါင်းလုပ်အားပေးခဲ့ကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဇော်ထွန်းအောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့် ဆေးရုံတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကာ ဆေးရုံအုပ်ကြီးက လက်ဖက်ရည်၊ ကောက်ညှင်းပေါင်း၊ အကြော်စုံတို့ဖြင့် ပြန်လည်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်