ပါရီ ဖေဖော်ဝါရီ ၆

 

ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်သည် ယူကရိန်းနိုင်ငံအခြေ အနေနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးရန် လာမည့်သီတင်းပတ် အစောပိုင်းတွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သို့ အလည်အပတ် ခရီးသွားရောက်မည်ဖြစ်ကြောင်း ယနေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

ထုတ်ပြန်ကြေညာ

 

ပြင်သစ်သမ္မတ မက်ခရွန်သည် ဖေဖော်ဝါရီ ၇ ရက်တွင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း နှင့် ဖေဖော်ဝါရီ၈ရက်တွင် ယူကရိန်းနိုင်ငံ သမ္မတဇီလန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက ဖေဖော်ဝါရီ ၄ ရက် တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ။

 

မက်ခရွန်သည် ယူကရိန်းအပေါ် တင်းမာမှုများလျှော့ချပေးရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် မကြာသေးသည့် ကာလအတွင်း ကမ္ဘာ့ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မက်ခရွန်နှင့်ပူတင်တို့ ယခင်ဆွေးနွေးစဉ်အတွင်း ယူကရိန်း အစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသော လက်နက်ကိုင်အုပ်စုများအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်းနှင့် ဥရောပတွင် စစ်မက်ဖြစ်ပွားမည့်အန္တရာယ်များကို လျှော့ချရန်လိုအပ်ကြောင်း အတည်ပြု ပြောကြားခဲ့ကြသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်