နေပြည်တော် ဖေဖော်ဝါရီ ၇

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ကောလိပ်အသီးသီး၏ နေ့သင်တန်းနှင့် အဝေးသင် သင်တန်း ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များသို့ ဝင်ခွင့် မလျှောက်ထားရသေးသဖြင့် ဝင်ခွင့် လျှောက်ထားလိုသူများသည် မိမိပြည်နယ်/ တိုင်းဒေသကြီး ပညာရေးမှူးရုံးများ (သို့မဟုတ်) အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်) တွင် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် လျှောက်လွှာပုံစံ တစ်စုံလျှင် ကျပ်၁၀၀၀/နှုန်းဖြင့် ထုတ်ယူနိုင်ပြီး ကျောင်းဖွင့်လှစ်မည့် နေ့ရက်မတိုင်မီအထိ အဆင့်မြင့်ပညာဦးစီး ဌာန (ရန်ကုန်)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်