တေဂူစီဂါလ်ပါ ဖေဖော်ဝါရီ ၈

 

ဟွန်ဒူးရပ်စ်သမ္မတ စီယိုမာရာ ကက်စထရိုက ၎င်းတွင် ကိုဗစ် -၁၉ ကူးစက်ခံထားရကြောင်း ဖေဖော်ဝါရီ ၆ ရက်က ကြေညာခဲ့သည်။

 

ဖေဖော်ဝါရီ ၅ ရက်က ဆေးစစ်ချက်တွင် ကိုဗစ်-၁၉ ကူးစက်ခံရခြင်းမရှိဟု တွေ့ရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၆ ရက်တွင်မူ ရလဒ်မှာ ပြောင်းလဲသွားခဲ့သည်။ ၎င်းတွင် အပျော့စားရောဂါလက္ခဏာများသာ ခံစားရကြောင်းနှင့် သီးခြားခွဲနေထိုင်ကာ လုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

 

၎င်း၏ခင်ပွန်းသည်ဖြစ်သူ မန်နျူရယ်ဇီလာရာမှာ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ဟွန်ဒူးရပ်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဇီလာရာမှာလည်း ဇန်နဝါရီလအစောပိုင်းတွင် ကိုဗစ် - ၁၉ ကူးစက်ခံခဲ့ရ သည်။

 

ယခုသီတင်းပတ်အစောပိုင်းအထိ ဟွန်ဒူးရပ်စ် နိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၃၉၇၅၄၈ ဦးရှိပြီး သေဆုံးသူ ၁၀၅၄၈ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။

 

ဆင်ဟွာ