ဆစ်ဒနီ ဖေဖော်ဝါရီ ၇

 

ဩစတြေးလျနိုင်ငံ အနောက်ပိုင်း၌ ဖေဖော်ဝါရီ ၇ ရက်က တောမီးများ ဆက်လက်လောင်ကျွမ်းလျက်ရှိရာ တောမီးလောင်မှုအရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဩစတြေးလျ အနောက်ပိုင်းပြည်နယ်ရှိ မြို့အချို့တွင် တောမီးလောင်မှု ခြိမ်းခြောက်မှုများဖြစ်ပေါ်လာသည်။ အချို့သောဒေသမှ ဒေသခံများနှင့် ဟတ်စတာမြို့မှ ဒေသခံများကို ယခုထက်ပို၍ နောက်မကျမီ နေရပ်မှ ထွက်ခွာကြရန် သတိပေးထားသည်။

 

လေထုထဲတွင် အဆိပ်သင့်စေသည့်ပစ္စည်းများ ပါဝင်ပျံ့နှံ့နေသည့်အတွက် ဟတ်စတာ မြို့မှ ဒေသခံ ၅၀၀ ကိုလည်း ချက်ချင်း ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့သည်။ ဟတ်စတာမြို့သည် တောမီးလောင်မှု၏ ခြိမ်းခြောက်မှုအောက်တွင် တိုက်ရိုက်မရှိသော်လည်း အရေးပေါ်ဒေသ ဖြစ်နေဆဲဖြစ်ကြောင်း ပြည်နယ် မီးသတ်နှင့်အရေးပေါ်ဌာနက ပြောသည်။

 

အခြားသော ဒေသများမှ ဒေသခံများ အတွက်လည်း သတိပေးချက်အသစ်များ ထုတ်ပြန်ထားသည်။ ဒေသခံများ နေရပ်မှ ထွက်ခွာရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် နှင့် ခိုင်ခံ့သောဖိနပ်များ ဝတ်ဆင်၍ ထွက်ခွာကြရန်လည်း သတိပေးထားသည်။

 

ဆင်ဟွာ