ပုလော ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းက ခန္တီကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ် လ.ဝ.က ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပြီး မြို့နယ် လ.ဝ.က ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက် (၁၀)နှစ်ပြည့် (၃၀)ဦး၊ အသက်(၁၈)နှစ်ပြည့် (၂၀)ဦး၊ လဲလှယ် (၂၅)ဦး၊ မိတ္တူ (၃၈)ဦး စုစုပေါင်း (၁၁၃)ဦးအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)


