ပုလော ဖေဖော်ဝါရီ ၈

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရာ ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၁)ရပ်ကွက်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့် ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ထိုးနှံပေးရာတွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့၀င်များကြီးကြပ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ဦးစီးဌာနမှ ၀န်ထမ်းများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မြို့နယ်အတွင်း လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်ကို အိမ်တိုင်ရာရောက် Mobile စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

အေးအေးမော် (ပုလော)