ဖေဖော်ဝါရီ ၈
မဒါဂတ်စကားနိုင်ငံတွင် ပြင်းထန်သောအပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဘတ်ဆိုင်ရိုင်တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၂၀ ရှိလာသည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရုံးက ယမန်နေ့ကဖော်ပြထားသည်။
အဆိုပါမုန်တိုင်းသည် ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၆၉၀၀၀ ကျော် ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရကြောင်း နောက်ဆုံးခန့်မှန်းတွက်ချက်မှုအရ သိရသည်။
ထိုမုန်တိုင်းသည် မြို့တော်အန်တာနာနာရီဗို၏ အရှေ့တောင်ဘက် ၅၃၅ ကီလိုမီတာအကွာ၊ မာနန်ဂျာရီမြို့၏မြောက်ဘက် ၁၄ ကီလိုမီတာအကွာသို့ ဖေဖော်ဝါရီ ၅ ရက်နေ့ညနေပိုင်းက ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားကာ မြစ်များ၊ ချောင်းများတွင် ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူပေါင်း ၁၅၀၀၀၀ ခန့်ဘေးလွတ်ရာထွက်ပြေးရကြောင်း ခန့်မှန်းထားသည်ဟု သိရသည်။
ရေကြီးမှုနှင့်ရာသီဉတုဆိုးရွားမှုတို့ကြောင့် နေအိမ်များပျက်စီးရုံသာမက မိသားစုများ၏ဝင်ငွေအရင်း အမြစ်များနှင့် အသက်မွေးဝမ်းကြောင်းမှုများပါ ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု မဒါဂတ်စကားနိုင်ငံရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) ကိုယ်စားလှယ် ပတ်စကွာလိုင်နာဒီဆိုင်ရိုက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို