ဖေဖော်ဝါရီ ၈

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၅၉၇ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ကူးစက်ဖြစ်ပွားသူပေါင်း ၄၂၃၃၉၆၁၁ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၁၁၈၈ ဦးသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၅၀၄၀၆၂ ဦးအထိ ရှိလာသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၉၉၄၈၉၁ ဦးရှိသည်။ 
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေကျဆင်းလာသည်မှာ ၁၅ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၄၀၈၄၀၆၅၈ ဦးရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို