နေပြည်တော်၊ ဖေဖော်ဝါရီ ၈

 

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းသည်။

 

စုပေါင်းသွေးလှူဒါန်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင် ၁၃၀ တို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲထောက်ချုပ် ရဲမှူးချုပ် မြင့်တိုးနှင့် ရဲအရာရှိကြီးများ၊ နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးစကား ပြောကြားကာ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်