ပါရီ ဖေဖော်ဝါရီ ၉
လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြီးပါက ရုရှားတပ်ဖွဲ့ဝင်များ ဘီလာရုစ် နိုင်ငံမှ ပြန်လည်ရုပ်သိမ်းလိမ့်မည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်၏ ပြောကြားချက်ကို ပြင်သစ်သမ္မတရုံးက ပြောကြားသည်။
အဆိုပါရုရှားတပ်ဖွဲ့ဝင်များ ဘီလာရုစ်နိုင်ငံမှ ပြန်လည်ရုပ်သိမ်းရေးနှင့်စပ်လျဉ်း၍ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် ဖေဖော်ဝါရီ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန်နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ်သမ္မတရုံးက ပြောကြားသည်။
ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံတို့အကြား ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ နှစ်နိုင်ငံအကြားပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အပေါ် အနောက်နိုင်ငံများက ဝေဖန်လျက်ရှိကြောင်း သိရသည်။
ပြင်သစ်သမ္မတမက်ခရွန်နှင့် ရုရှားသမ္မတပူတင်တို့သည် ယူကရိန်းနိုင်ငံနှင့်စပ်လျဉ်း၍ တင်းမာမှုများ တိုးမြင့်လာမှုကို လျှော့ချရေးအတွက် စစ်ရေးဆိုင်ရာအရေးယူမှုများကို ရှောင်ရှားရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အလင်းသစ်