မော်စကို   ဖေဖော်ဝါရီ   ၉

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၅၆၄၃ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူစုစုပေါင်း ၁၃၁၄၇၆၆၆ ဦး ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြား ချက်အရ သိရသည်။

ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၉၈ ဦး ရှိခြင်းကြောင့် လက်ရှိတွင် အဆိုပါရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၃၃၆၇၂၁ ဦးရှိလာကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှဆင်းခွင့်ရရှိသူ ၈၁၁၈၈ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၁၀၇၀၆၁၄၂ ဦး ရှိလာကြောင်း သိရသည်။

မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံး ဖြစ်ပွားသည့်ဒေသဖြစ်ပြီး လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၉၀၂ ဦးထပ်မံတွေ့ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် အဆိုပါရောဂါကူးစက်ခံရသူ ပေါင်း ၂၅၂၄၂၃၅ ဦးရှိလာကြောင်း သိရသည်။

ရုရှားနိုင်ငံ၌ နိုင်ငံသား ၈၅ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် သန်း ၈၀ ကျော်သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အလင်းသစ်