နေပြည်တော် ဖေဖော်ဝါရီ ၉
မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း က သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပရာ မြေအသုံး ချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားသည်။
ယခင်ဖွဲ့စည်းခဲ့သည့် မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့၏ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် အစည်းအဝေးမှ ဆုံးဖြတ်ချက်(၅)ချက် ချမှတ်ခဲ့ပြီး ၎င်းဆုံး ဖြတ်ချက်များအပေါ် ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ဆောင် ရွက်ရမည့် ကိစ္စရပ်များကို ယခုအစည်းအဝေးတွင် ဆွေးနွေးကြပြီး ယခုအစည်းအဝေးမှ ရရှိလာမည့် ဆွေးနွေးချက်ရလဒ်များကို အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ် အစည်းအဝေးတွင် ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ အရပ်ဖက် လူမှု အဖွဲ့အစည်းများနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် တိုင်းရင်း သားလူမျိုး ကိုယ်စားလှယ်များတက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)


