နေပြည်တော် ဖေဖော်ဝါရီ ၉
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မဟာလယ်တီကျောင်းတိုက်သို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ရဲစုကျောင်းတိုက်သို့လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဓမ္မစရိယတက္ကသိုလ်သို့လည်းကောင်း၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်ရှိ မြို့လယ်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


