မိုင်းကိုင်၊ ဖေဖော်ဝါရီ   ၉  
    
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းကိုင် မြို့နယ်အတွင်းတွင် ဘုန်းတော်ကြီးကျောင်းများနှင့် ကိုဗစ် - ၁၉ စင်တာများသို့ အာဟာရ ဖြည့်စွက် စာများကို လှူဒါန်းထောက်ပံ့ပေးလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မိုင်းကိုင်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံမောင်နှင့် တာဝန်ရှိသူများသည် မြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ် - ၁၉ စင်တာနှင့် မဟတ်ကျေးရွာဘုန်းတော်ကြီးကျောင်းရှိ သံဃာတော် ပေါင်း ၄၇ ပါးအတွက် အာဟာရ ဖြည့်စွက်စာ ကြက်ဥ၊ ပြောင်းဖူး၊ ကွေကာထုပ်၊ ရေသန့်ဗူး၊ C-Vit ဗူး၊ ယမ်ယမ်ခေါက်ဆွဲ၊ သီးစုံဓါတ်ဆားထုပ်၊ ရာဘာ၊ လက်အိပ်၊ Mask ဗူး အစရှိသည်များကို သွားရောက်လှူဒါန်း ထောက်ပံ့ခဲ့ကြောင်းသိရသည်။ 

(သတင်းစဉ်)